Wednesday, February 22, 2012

တန်ဖိုးဟူသည်

တကယ်တော့ လစာ၊ ငွေကြေး၊ ဥစ္စာ၊ ဘွဲ့ဒီဂရီဆိုတာတွေနဲ့ လူ့တန်ဖိုးကို ဖြတ်လို့မရပါူး။ မင်းကွန်း ဆရာတော်ကြီး တိပိဋကဓရရပြီးခါစ မန္တလေးဘက် ကူးလာတဲ့ အခါ တိပိဋက ကိုယ်တော်ရယ်လို့ မသိကြတဲ့ ကားသမားတွေက သာမာန်ဘုန်းကြီးတစ်ပါး အဖြစ်ပဲ ဆက်ဆံခဲ့ ကြတယ်။မင်းကွန်း ဆရာတော်ကြီးက “သြော် ငါ စာမေးပွဲအောင်ကြောင်း သိတဲ့ သူတွေ အကြားမှာသာ၊ အောင်မြင်မှုနဲ့ ပစ္စည်း မာတုတွေဟာ အသုံးဝင်တာပါကလား။ မသိတဲ့ သူတွေကြားမှာ အသုံးမ၀င်ပါကလား။ သိသူရော မသိသူတွေ အကြားမှာပါ တကယ်တမ်းအသုံးဝင်တာက အကျင့် ပဋိပတ်ပါကလား။ ငါ ကိုယ်တိုင် ကျင့်ကြံထားတဲ့ သီလ၊ သမာဓိ၊ ပညာတွေကသာ ပစ္စုပ္ပန်သံသရာ အထိ ငါ့ကို စောင့်ရှောက်မှာပါကလား၊ အကာ အကွယ်ပေးနိုင်မှာပါကလား”လို့ ပညာရှိ သူတော်ကောင်း ပီပီ ဆင်ခြင်မိပါသတဲ့။

No comments:

Post a Comment