Tuesday, February 21, 2012

ဇာတိမြေအတွက်...ခံယူချက်

သင်သေသွားသော်
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ဇော်ဂျီ
၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း
     ငယ်စဉ်...အလယ်တန်းကျောင်းသားဘ၀ထဲကကြိုက်နှစ်သက်၍...ဘ၀ခံယူချက်အဖြစ်...ဆောင်ပုဒ်သဖွယ်..
ခံယူကျင့်သုံးခဲ့သောကဗျာကို....ပြန်လည်ဝေငှပါသည်။

No comments:

Post a Comment